Friday, June 21, 2013

PABEDAN NEWS: ၁၅၊၆၊ ၂၀၁၃ နေ့ လည် ၂း၄၅ နာရီ အချိန် ဆူးလေဘုရားလမ်းမကြီးမြင်ကွင်း။

www.facebook.com/myatkyaw64PABEDAN NEWS: ၁၅၊၆၊ ၂၀၁၃ နေ့ လည် ၂း၄၅ နာရီ အချိန် ဆူးလေဘုရားလမ်းမကြီးမြင်ကွင်း။

TIME မဂ္ဂဇင်း နှင့် မြန်မာ ဘုန်းတော်ကြီး

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ ပုံနှိပ်ရေးသား ဖော်ပြချက် အချို့အား ကျွန်ုပ်တို့မှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချ လိုက်သည်

21, June 2013 သောကြာနေ့
နံနက် 9 နာရီ


Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။

 မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။

ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။
 ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။

The First Weekly News Journal နှင့်
The First Media Grouphttp://feeds.feedburner.com/thithtoolwin/yIWV

CREDIT-ယနေ့ အွန်လိုင်းပေါ်တက်ရင်း သစ်ထူးလွင် ဆိုက်မှာတွေ့ ရတဲ့  The First Weekly News Journalကရေးသားတင်ပြမှုကို သတိပြုမိဖတ်ရှုမိရာက  နှစ်သက်သဖြင့် မိမိဆိုက်တွင် ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။

Tuesday, June 18, 2013

ဒလိုင်လားမားရဲ့ ဖယောင်းရုပ်တူ

 
His Holiness the Dalai Lama poses with a wax figure of himself from Madam Tussauds on display at the Sydney Entertainment Center, venue for his three days of teachings in Sydney, Australia, on June 14, 2013. Photo/Rusty Stewart/DLIA 2013
မဒမ်တူးဆော့ပြတိုက် က ဖယောင်းရုပ်တုပုံနှင့် အတူ တွေ့ မြင်ရသော ဒလိုင်လားမား

တိဗက် ဘုန်းတော်ကြီးဒလိုင်လားမား

One of the youngest members of the audience asking His Holiness the Dalai Lama a question during the Young Minds Conference, a forum exploring issues facing youth today, held at the Sydney Town Hall in Sydney, Australia on June 17, 2013. (Photo by Rusty Stewart/DLIA 2013)
ကျွန်တော်ရဲ့ G+ မှာ ဆရာတော်ရဲ့ ပုံကိုတွေ့ မြင်မိလို့ ကော်ပီတင်ထားတာပါ။

Monday, June 17, 2013

၁၅၊၆၊ ၂၀၁၃ နေ့ လည် ၂း၄၅ နာရီ အချိန် ဆူးလေဘုရားလမ်းမကြီးမြင်ကွင်း။

  ရန်ကုန်သားတွေ အတွက် ဒီမြင်ကွင်းတွေဟာ ထူးခြားမှု  မရှိပေမယ့် နိုင်ငံရပ်ခြားရောက် မြန်မာ  မိတ်ဆွေ သူငယ်ချင်းတွေ နဲ့ ချစ်ရသူတွေ မြင်တွေ့ ခံစားနိုင်ဖို့ ရိုက်ကူး တင်ပြပါသည်။

Tuesday, June 11, 2013

ကာတွန်းတွေကပြောတဲ့ မြန်မာ့ရေးရာ










ကျွန်တော့် မှာ ရဲထွဋ်လို့ ခေါ်တဲ့ ညီငယ်လေးတစ်ယောက်ရှိပါတယ်။
သူ့ ဝါသနာကကျွန်တော် ဖြန့် တဲ့ သတင်းစာတွေ ဂျာနယ်တွေထဲ က ကာတွန်းပုံတွေကို ဓါတ်ပုံရိုက်ပြီးသိမ်းထားတတ်ခြင်းပါ။
သူ့ ဖေ့ဘုတ် အကောင့်မှာလည်းတင်တတ်ပါတယ်။
ဒီနေ့ တော့ စိတ်ကူးရတာနဲ့ ငါဘလော့ မှာတင်ပေးမယ်ဆိုပြီး သူစုဆောင်းထားတဲ့ ကာတွန်းပုံတွေကို
တင်လိုက်ခြင်းဖြစ်ပါတယ်။

ကာတွန်းဆရာတွေရဲ့ တစ်ကွက် ကာတွန်းတွေဟာ လက်ရှိမြန်မာနိုင်ငံအတွင်း
 ဖြစ်ပေါ်တိုးတက်မှု ၊ဆုတ်ယုတ်မှုတွေကို ကွက်ကွက် ကွင်းကွင်းဖော်ပြပေးနိုင်တယ်လို့ လည်း ကျွန်တော်ယုံကြည်ပါတယ်။