ပန်းဘဲတန်းမြို့ နယ်အတွင်းနေထိုင်နေစဉ် မြို့ နယ်အတွင်းဖြစ်ပွားသော ထူးခြားဖြစ်စဉ်များကို အခြားဒေသမှ ပြည်သူများလည်း သိရှိနိုင်စေရန်။ ထို့ ပြင် ပြည်တွင်းပြည်ပ ဖြစ်ရပ်များထဲမှ မိမိလက်လှမ်းမီသလောက် တင်ပြပေးရန် ပန်းဘဲတန်း သတင်းဘလော့ ကို တည်ထောင်ပါသည်။
Friday, June 21, 2013
PABEDAN NEWS: ၁၅၊၆၊ ၂၀၁၃ နေ့ လည် ၂း၄၅ နာရီ အချိန် ဆူးလေဘုရားလမ်းမကြီးမြင်ကွင်း။
www.facebook.com/myatkyaw64PABEDAN NEWS: ၁၅၊၆၊ ၂၀၁၃ နေ့ လည် ၂း၄၅ နာရီ အချိန် ဆူးလေဘုရားလမ်းမကြီးမြင်ကွင်း။
TIME မဂ္ဂဇင်း နှင့် မြန်မာ ဘုန်းတော်ကြီး
Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ ပုံနှိပ်ရေးသား ဖော်ပြချက် အချို့အား ကျွန်ုပ်တို့မှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချ လိုက်သည်
21, June 2013 သောကြာနေ့
နံနက် 9 နာရီ
Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။
ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။
မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။
ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။
ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။
ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။
The First Weekly News Journal နှင့်
The First Media Grouphttp://feeds.feedburner.com/thithtoolwin/yIWV
CREDIT-ယနေ့ အွန်လိုင်းပေါ်တက်ရင်း သစ်ထူးလွင် ဆိုက်မှာတွေ့ ရတဲ့  The First Weekly News Journalကရေးသားတင်ပြမှုကို သတိပြုမိဖတ်ရှုမိရာက နှစ်သက်သဖြင့် မိမိဆိုက်တွင် ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။

Tuesday, June 18, 2013
ဒလိုင်လားမားရဲ့ ဖယောင်းရုပ်တူ
His
Holiness the Dalai Lama poses with a wax figure of himself from Madam
Tussauds on display at the Sydney Entertainment Center, venue for his
three days of teachings in Sydney, Australia, on June 14, 2013.
Photo/Rusty Stewart/DLIA 2013
တိဗက် ဘုန်းတော်ကြီးဒလိုင်လားမား
One of the youngest
members of the audience asking His Holiness the Dalai Lama a question
during the Young Minds Conference, a forum exploring issues facing youth
today, held at the Sydney Town Hall in Sydney, Australia on June 17,
2013. (Photo by Rusty Stewart/DLIA 2013)
ကျွန်တော်ရဲ့ G+ မှာ ဆရာတော်ရဲ့ ပုံကိုတွေ့ မြင်မိလို့ ကော်ပီတင်ထားတာပါ။
Monday, June 17, 2013
Tuesday, June 11, 2013
ကာတွန်းတွေကပြောတဲ့ မြန်မာ့ရေးရာ
ကျွန်တော့် မှာ ရဲထွဋ်လို့ ခေါ်တဲ့ ညီငယ်လေးတစ်ယောက်ရှိပါတယ်။
သူ့ ဝါသနာကကျွန်တော် ဖြန့် တဲ့ သတင်းစာတွေ ဂျာနယ်တွေထဲ က ကာတွန်းပုံတွေကို ဓါတ်ပုံရိုက်ပြီးသိမ်းထားတတ်ခြင်းပါ။
သူ့ ဖေ့ဘုတ် အကောင့်မှာလည်းတင်တတ်ပါတယ်။
ဒီနေ့ တော့ စိတ်ကူးရတာနဲ့ ငါဘလော့ မှာတင်ပေးမယ်ဆိုပြီး သူစုဆောင်းထားတဲ့ ကာတွန်းပုံတွေကို
တင်လိုက်ခြင်းဖြစ်ပါတယ်။
ကာတွန်းဆရာတွေရဲ့ တစ်ကွက် ကာတွန်းတွေဟာ လက်ရှိမြန်မာနိုင်ငံအတွင်း
ဖြစ်ပေါ်တိုးတက်မှု ၊ဆုတ်ယုတ်မှုတွေကို ကွက်ကွက် ကွင်းကွင်းဖော်ပြပေးနိုင်တယ်လို့ လည်း ကျွန်တော်ယုံကြည်ပါတယ်။
MYANMAR DAILY NEWSPAPERS
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက မီဒီယာတွေကို သတင်းစာထုတ်ဝေခွင့်ပြုလိုက်တဲ့ ၂၀၁၃ ဧပြီ(၁) ရက် နေ့ ကနေ ဒီကနေ့ ဇွန်လ(၁၁)ရက်နေ့ အထိ သတင်းစာ(၈)မျိုး ဈေးကွက်ထဲကို ရောက်ရှိနေပါပြီ။
ဓါတ်ပုံထဲမှာ မပါဝင်သေးတာက ပြည်မြန်မာ သတင်းစာဖြစ်ပြီး၊ ဈေးကွက်ရောင်းတန်းပေါ် မရောက်ဘဲ လက်ဘက်ရည်ဆိုင်တွေမှာ အလကားလိုက်ဝေငှနေတာက MESSENGER သတင်းစာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီထုတ်သတင်းစာ ပြည်ထောင်စုနေ့ စဉ်၊
တပ်မတော်ပိုင်မီဒီယာထုတ် မြ၀တီသတင်းစာ၊
အစိုးရအာဘော်သတင်းစာ မြန်မာအလင်း၊ ကြေးမုံတို့ လည်း နေ့ စဉ်ထွက်ရှိနေပါတယ်။

Monday, June 10, 2013
PABEDAN NEWS: ၂၀၁၃၊ဇွန်လ မိုးဦးဝင်စ ပန်းဘဲတန်းမြင်ကွင်း
PABEDAN NEWS: ၂၀၁၃၊ဇွန်လ မိုးဦးဝင်စ ပန်းဘဲတန်းမြင်ကွင်း: ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်မှာ တည်ရှိနေတဲ့  FMI Center မှာ မကြာခင်ရက်ပိုင်းက PARKSON ကုန်တိုက်ကို ဖွင့်လှစ်ခဲ့ပါတယ်။ PARK...
၂၀၁၃၊ဇွန်လ မိုးဦးဝင်စ ပန်းဘဲတန်းမြင်ကွင်း
Sunday, June 9, 2013
Saturday, June 8, 2013
ရွှေဘုံသာလမ်းက ပစ္စည်းဟောင်း အရောင်းတန်း
ပန်းဘဲတန်းမြို့ နယ် ရွှေဘုံသာ အထက်လမ်းမှာ ညနေ ၃ နာရီကနေ ၆ နာရီလောက်အထိ လမ်းဘေးမှာ ခင်းကျင်းရောင်းချတဲ့ ဈေးတန်းလေးတစ်ခုဖြစ်ပါတယ်။
ရောင်းချတဲ့ ပစ္စည်းအမျိုးအစား တွေကတော့ တကယ်ကို စုံစီနဖာပါဘဲ။
ရှေးဟောင်းပစ္စည်းမျိုးစုံ၊ ဟန်းဆက်အဟောင်း၊ ချာချင်ကြိုး၊ ကွန်ပြူတာ အဟောင်း ၊ ဖက်စက်၊လက်တော့ အဟောင်း လက်နှိပ်စက်အဟောင်း ၊နာရီအဟောင်း စတဲ့ တစ်ပတ်ရစ်ပစ္စည်းအမျိုးမျိုး ရောင်းချတဲ့ဈေးတန်းလေးပါ။
တစ်ခါလောက်သွားရောက်လေ့လာပြီး ကိုယ်ကြိုက်တဲ့ပစ္စည်းတွေ့ ရင် တန်လောက်မယ့်ဈေးရအောင် ဆစ်ဝယ်ရမှာပါ။ ၀ယ်မိပြီးမှ ခံလိုက်ရပြီဆိုတာမျိုး မဖြစ်ရအောင်တော့ သက်လုံကောင်းဖို့ လိုပါတယ်။

ဗိုလ်ချူပ်ဈေးသစ် ရဲ့ ဗိုလ်ချူပ်ဈေးသစ်
ယခင်အစိုးရလက်ထက် ဆောက်လုပ်ရေး ကုမ္မဏီတွေ တစ်ခုပြီးတစ်ခုပြောင်းလဲခဲ့ရပြီး ဘာအဆောက်အဦမှ ဖြစ်ပေါ်မလာလို ကျိန်စာသင့် နေတဲ့ နေရာလို့ ရန်ကုန်သားတွေ သတ်မှတ်ထားတဲ့ လေဟာပြင်ဈေးဟောင်းနေရာမှာ ယခုတော့ ဗိုလ်ချုပ်ဈေးသစ် ကို ပြောင်းရွှေ့ နေရာချထားဖို့ ဆိုပြီး ဈေးရုံတွေ တည်ဆောက်နေတာကို မြင်တွေ့ ရတာဖြစ်ပါတယ်။
ဘယ်တော့ပြီးစီးမယ် ။ ဘယ်တော့ပြောင်းရွှေ့ ရမယ်ဆိုတာ အတိအကျ သတ်မှတ်ရက် ကို ကြေညာထားမှုတော့ မကြားမိသေးပါဘူး။
ဒီနေရာကို ယခင် အာရှဓနဘဏ်တည်ထောင်ပြီး နံမည်ပျက်သတ်မှတ်ခံခဲ့ရလို့ ဖျက်သိမ်းလိုက်ရတဲ့ ဦးအိုက်ထွန်းရဲ့ ရွှေတောင် ဆောက်လုပ်ရေးကုမ္မဏီက တည်ဆောက်ခွင့်ရရှိထားတာဖြစ်ပါတယ်။

Friday, June 7, 2013
ပန်းဘဲတန်းသတင်း စာမျက်နှာဖွင့်လှစ်ခြင်း
ပန်းဘဲတန်းမြို့ နယ်ထဲနေထိုင်စဉ် ပတ်ဝန်းကျင်မှာ တို့ ထိရတဲ့ အသံ၊အဆင်း၊ရနံ့ တွေကို ကျန်မြန်မာပြည်သူတွေ နဲ့ အတူ မျှဝေခံစားနိုင်ဖို့ ဒီဘလော့ကို စတင်ရေးသားပါတယ်။
စတင်သည့်နေ့ -၂၀၁၃၊ဇွန်လ၊၈ ရက်။စနေနေ့ ။
ဗုဒ္ဒဘာသာဝင်တစ်ယောက်မို့  ပထမဦးဆုံးပိုစ့် အနေနဲ့  ဘုရားစေတီတော်ပုံကိုတင်ရခြင်းဖြစ်ပါတယ်။
ဆူးလေစေတီတော်သည် ပန်းဘဲတန်းမြို့ နယ်အတွင်းပါဝင်သည့် ကမ္ဘာကျော်ဘာသာရေးဆိုင်ရာ အထိမ်းအမှတ် တစ်ခုဖြစ်ပါသည်။
Subscribe to:
Posts (Atom)